arrow-small-left Created with Sketch. arrow-small-right Created with Sketch. Carat Left arrow Created with Sketch. check Created with Sketch. circle carat down circle-down Created with Sketch. circle-up Created with Sketch. clock Created with Sketch. difficulty Created with Sketch. download Created with Sketch. email email Created with Sketch. facebook logo-facebook Created with Sketch. logo-instagram Created with Sketch. logo-linkedin Created with Sketch. linkround Created with Sketch. minus plus preptime Created with Sketch. print Created with Sketch. Created with Sketch. logo-soundcloud Created with Sketch. twitter logo-twitter Created with Sketch. logo-youtube Created with Sketch.

Cervical screening test (Burmese) - သားအိမ်ခေါင်း စစ်ဆေးခြင်း

သားအိမ်ခေါင်းကင်ဆာသည် ကြိုတင် ကာကွယ်နိုင်ဆုံးသော ကင်ဆာတစ်ခုဖြစ်သည်။ သားအိမ်ခေါင်းကို ပုံမှန်စစ်ဆေးခြင်းသည် သင့်ကိုယ်သင် သားအိမ်ခေါင်းကင်ဆာမှ ကာကွယ်ရန် အကောင်းဆုံးနည်းလမ်းဖြစ်သည်။

သားအိမ်ခေါင်းစစ်ဆေးခြင်းဆိုတာ ဘာလဲ။

သားအိမ်ခေါင်းစစ်ဆေးခြင်းသည် သင့်သားအိမ်ခေါင်း၏ ကျန်းမာရေးကို စစ်ဆေးခြင်းဖြစ်သည်။ ဆရာဝန် သို့မဟုတ် သူနာပြုတစ်ဦးက သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်း (pap smear) ကဲ့သို့ တို့ဖတ်တစ်ခုကိုအသုံးပြု၍ သင်၏ သားအိမ်ခေါင်းထဲမှ နမူနာအသေးတစ်ခုကို ယူပြီး ၎င်းကို Human Papillomavirus (HPV) အတွက် စစ်ဆေးပါမည်။

HPV သည် သင့်သားအိမ်ခေါင်းအတွင်းရှိ ဆဲလ်များကို ပြောင်းလဲစေနိုင်အောင် အများဆုံးဖြစ်စေသည့် ဗိုင်းရပ်စ်တစ်မျိုးဖြစ်သည်။ ယင်းမှာ သားအိမ်ခေါင်းကင်ဆာ အများဆုံးဖြစ်စေသည့် အကြောင်းရင်းဖြစ်သည်။

HPV ရှိသူအများစုတွင် ရောဂါလက္ခဏာများ မပြတတ်သောကြောင့် စစ်ဆေးမှုသည် အလွန်အရေးကြီးပါသည်။

အကယ်၍ သင့်တွင် HPV ရှိနေကြောင်း စစ်ဆေးတွေ့ရှိပါက အများအားဖြင့် HPV မှ သားအိမ်ခေါင်းကင်ဆာ ဖြစ်လာရန် ၁၀ နှစ် သို့မဟုတ် ထို့ထက်ပို၍ ကြာတတ်သည်။ HPV ရောဂါပိုးကြောင့် သားအိမ်ခေါင်းကင်ဆာအဖြစ်သို့ ပြောင်းလဲသွားခြင်းမှာ ဖြစ်ခဲပါသည်။

အမျိုးသမီးမျိုးပွားအင်္ဂါစနစ်ပုံ

အမျိုးသမီးအင်္ဂါ၊ သားအိမ်ခေါင်း၊ သားအိမ်၊ မမျိုးဉအိမ်များနှင့် သားအိမ်ပြွန်များအပါအဝင် အမျိုးသမီးမျိုးပွားအင်္ဂါစနစ်ပုံ

သင် သားအိမ်ခေါင်းစစ်ဆေးရန် လိုအပ်ပါသလား။

အကယ်၍ သင်သည် အောက်ပါအချက်များနှင့် ကိုက်ညီလျှင် သားအိမ်ခေါင်းစစ်ဆေးမှုခံယူရန် လိုအပ်ပါသည်-

  • အမျိုးသမီး သို့မဟုတ် သားအိမ်ခေါင်းရှိသူ တစ်ဦးဖြစ်လျှင်
  • အသက် ၂၅ မှ ၇၄ နှစ်အတွင်းရှိလျှင်
  • ကျားမ မည်သူဖြစ်စေ သို့တည်းမဟုတ် လိင်သတ်မှတ်ချက် မရှိဘဲ အခြားသူတစ်ဦးဦးနှင့် လိင်ဆက်ဆံဖူးလျှင်။

သင့်အနေဖြင့် HPV ကာကွယ်ဆေးထိုးထားလျှင်ပင် စစ်ဆေးမှုတစ်ခုပြုလုပ်ရန် အရေးကြီးသည်။ HPV ကာကွယ်ဆေးသည် အလွန်ထိရောက်မှုရှိသော်လည်း HPV ကူးစက်မှု အားလုံးကို မကာကွယ်နိုင်ပါ။

သင်သည် သားအိမ်ခေါင်းစစ်ဆေးမှုကို မည်သို့ စစ်ဆေးရန် လိုအပ်ပါသနည်း။

အသက် ၂၅ နှင့် ၇၄ နှစ်ကြားတွင် ငါးနှစ်လျှင် တစ်ကြိမ် စစ်ဆေးရန် လိုအပ်ပါသည်။

ငါးနှစ်တစ်ကြိမ် စစ်ဆေးခြင်းသည် အလွန်စိတ်ချရပါသည်။ အကြောင်းမှာ နှစ်နှစ်တစ်ကြိမ် စမ်းသပ်သည့် နည်းဟောင်း (pap smear) သည် သားအိမ်ခေါင်းဆဲလ်များအတွင်းရှိ ပြောင်းလဲမှုကိုသာ စစ်ဆေးခြင်းကြောင့် ဖြစ်သည်။ HPV အတွက် သားအိမ်ခေါင်း စစ်ဆေးခြင်းနည်းသစ်အားဖြင့် သားအိမ်ခေါင်းအတွင်းရှိ ဆဲလ်များပြောင်းလဲမှုကို ပြသပေးနိုင်သည်။ ထိုနည်းသည် ပြောင်းလဲမှုများကို ပို၍စောစီးစွာ ရှာတွေ့နိုင်ရန် ကူညီပေးသည်။

သားအိမ်ခေါင်းစစ်ဆေးခြင်းကို မည်သည့်နေရာတွင် ရရှိနိုင်မည်နည်း။

သားအိမ်ခေါင်းစစ်ဆေးခြင်းကို ဆေးခန်းများ၊ ကျန်းမာရေးဌာနများနှင့် မိသားစုစီမံကိန်း ဆေးခန်းများတွင် ရရှိနိုင်ပါသည်။

သားအိမ်ခေါင်းစစ်ဆေးမှုကို မည်သို့ပြုလုပ်ပါသနည်း။

ကျန်းမာရေးဝန်ထမ်းက နမူနာတစ်ခု ယူမည်ဆိုလျှင်

အကယ်၍ သင်၏ကျန်းမာရေးဝန်ထမ်းက စစ်ဆေးခြင်းပြုလုပ်မည်ဆိုပါက သင်သည် ခါးအောက်အဝတ်အစားများကို ချွတ်ကာ ဒူးနှစ်ဖက်ကို ခွဲ၍ ပက်လက်နေရမည်။ သင့်ကိုယ်သင် ဖုံးအုပ်ရန် အဝတ်တစ်ခု ပေးပါမည်။

၎င်းက သင့်မိန်းမကိုယ်ထဲသို့ speculum (သားအိမ်ခေါင်းစစ်ကိရိယာ (ဘဲနှုတ်သီးပုံကိရိယာ)) ကို ညင်သာစွာ ထည့်သွင်းပြီး သင့်သားအိမ်ခေါင်းမှ ဆဲလ်နမူနာယူရန် သေးငယ်သော စုတ်တံတစ်ခုကို အသုံးပြုမည်ဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းသည် တစ်မျိုးခံစားရနိုင်သော်လည်း နာကျင်မည်မဟုတ်ပါ။ သင်ဆန္ဒရှိပါက အမျိုးသမီး ကျန်းမာရေးဝန်ထမ်းကို တောင်းဆိုနိုင်သည်။

သင်ကိုယ်တိုင် နမူနာယူမည်ဆိုလျှင် (နမူနာကိုယ်တိုင်ယူခြင်း)

သင်သည် သင့်နမူနာကို ကိုယ်တိုင်ယူရန် ရွေးချယ်ပါက ၎င်းကို သင့်ကျန်းမာရေးဌာနတွင် လုပ်ဆောင်ရန် လိုအပ်ပါသည်။ သင့်ကျန်းမာရေးဝန်ထမ်းက စစ်ဆေးမှုပြုလုပ်ပုံကို ရှင်းပြပါမည်။ သင်သည် နမူနာယူခြင်းကို တစ်ဦးတည်းလုပ်ဆောင်နိုင်သည် သို့မဟုတ် ၎င်းတို့ကို အကူအညီပေးရန် တောင်းဆိုနိုင်သည်။

မိမိကိုယ်တိုင် နမူနာယူရာတွင် သင့်မိန်းမကိုယ်ထဲသို့ တို့ဖတ်တစ်ချောင်း ထည့်သွင်းရပါမည်။ သင်သည် အဆိုပါတို့ဖတ်ကို စက်ဝိုင်းပုံစံဖြင့် ၁၀ မှ ၃၀ စက္ကန့်အထိ ညင်သာစွာ ရွှေ့ပေးရမည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် မအီမသာ ခံစားရနိုင်သော်လည်း နာကျင်မည် မဟုတ်ပါ။ ထို့နောက် သင်၏ မိန်းမကိုယ်ထဲမှ တို့ဖတ်ကို ထုတ်ပြီး ပေးထားသော အထုပ်ထဲ ပြန်ထည့်ပါ။

မိမိကိုယ်တိုင်နမူနာယူခြင်းသည် ကျန်းမာရေးဝန်ထမ်းက သင့်နမူနာကို ယူသကဲ့သို့ပင် ဘေးကင်းပြီး မှန်ကန်ပါသည်။

သင့်စစ်ဆေးခြင်းပြီးသည့်နောက် မည်သို့ဖြစ်မည်နည်း။

သင်၏နမူနာကို ယူပြီးနောက် ထိုနမူနာကို စမ်းသပ်ရန်အတွက် ဓာတ်ခွဲခန်းသို့ ပေးပို့ရပါမည်။

အကယ်၍ သင့်စစ်ဆေးမှုတွင် HPV မရှိကြောင်းပြပါက ငါးနှစ်အကြာမှ နောက်တစ်ကြိမ် စစ်ဆေးမှု ပြုလုပ်နိုင်ပါသည်။

သင့်စစ်ဆေးမှုတွင် HPV ရှိကြောင်းပြပါက သင့်ကျန်းမာရေးဝန်ထမ်းမှ သင် နောက်ထပ် လုပ်ဆောင်ရမည့်အရာများအကြောင်း သင့်အား ပြောပြပါမည်။ သင့်အဖြေများကို နိုင်ငံလုံးဆိုင်ရာ ကင်ဆာစစ်ဆေးခြင်း မှတ်ပုံတင်ဌာန (NCSR) သို့ ပေးပို့ပါမည်။ ဤဌာနက သင်၏ နောက်တစ်ကြိမ် စစ်ဆေးမှုပြုလုပ်ရမည့်အချိန်နှင့် ပတ်သက်၍ သင့်အား သတိပေးချက်များကိုလည်း ပေးပို့မည်ဖြစ်သည်။

မည်သည့်အချိန်မှာ သင့်ဆရာဝန်နှင့် တွေ့ရမည်နည်း

သင်၏ နောက်လာမည့် သားအိမ်ခေါင်းစစ်ဆေးခြင်းကို မည်သည့်အချိန်တွင် ပြုလုပ်ရမည်ကို မသေချာပါက သင့်ဆရာဝန် သို့မဟုတ် ကျန်းမာရေးဝန်ထမ်းနှင့် တွေ့ဆုံမေးမြန်းပါ။

သင့်တွင် ပုံမှန်မဟုတ်သော မိန်းမကိုယ်သွေးထွက်ခြင်း၊ နာကျင်ခြင်း သို့မဟုတ် အရည်အကျိအချွဲ ထွက်ခြင်းရှိပါက ဆရာဝန်နှင့် ချက်ချင်းပြသပါ။ မှတ်ချက်၊ အကယ်၍ သင့်တွင် ဤရောဂါလက္ခဏာများထဲမှ တစ်ခုခုရှိပါက မိမိကိုယ်တိုင် နမူနာယူခြင်း မပြုသင့်ပါ။

သင် HPV ကာကွယ်ဆေးမထိုးနှံရသေးပါက 
 ကာကွယ်ဆေးအကြောင်း သင့်ဆရာဝန်ကို မေးမြန်းပါ။

အချက်အလက်များ၊ အရင်းအမြစ်များ၊ ကိုးကားချက်များနှင့်ပတ်သက်၍ ပိုမိုသိရှိလိုပါက jeanhailes.org.au/health-a-z/health-checks/cervical-screening-test တွင် ဝင်ရောက်ကြည့်ရှုပါ။